ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းတစ်ခုအား ရှင်းလင်းဖယ်ရှား - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းတစ်ခုအား ရှင်းလင်းဖယ်ရှား


MNP ၊ ဧပြီ ၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းတစ်ခုအား ယမန်နေ့ နေ့လည်ပိုင်းက ရှင်းလင်းဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြိုနယ်၊ ပဲပြစ်တောကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာအနီးတဝိုက်တွင် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ  သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ရမ်းသမ်းပစ်ခတ်ကာ ထွက်ပြေးသွားပြီး လုံခြုံရေးအဖွဲဝင်များမှ ပြန်လည် ပစ်ခတ်ချေမှုန်းခဲ့ရာ PDF အကြမ်းဖက်သမား ၁ဦး အသေဖမ်းဆီးရမိပြီး ၅ ယောက်အိပ်တဲ ၂ လုံး၊ လက်လုပ်သေနတ် ၈ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ ကျည်ဆံ ၁၀ တောင့်၊ ဘတ္ထရီအိုး ၂ လုံး၊  ပြောက်ကျား အင်္ကျီ ၃ ထည်၊ လည်တိုဖိနပ် ၅ ရံ  တို့အား သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးသွားသော PDF အကြမ်းဖက်သမားများအား လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)