MNP ၊ ဧပြီ ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ ပါဝင်သည့် (Club)အဖွဲ့ဝင်များ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေး အတွက် စာရေးဆရာ အောင်ကိုဦး(UMK) ရေးသားသည့် လူငယ်တွေစဥ်းစားဖို့ စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူထုအခြေပြု ဗဟိုဌာနနှင့် ပြည်သူ့စာကြည့်တိုက်ကို ပြည်သူများ ရင်းနှီး ကျွမ်းဝင်စွာအသုံးပြု၍ လူငယ်လူရွယ်များအနေဖြင့် အသိပညာဗဟုသုတ ပြန့်ပွားရေး၊ စာပေများ ဆွေးနွေးနိုင်ရေးအတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ ပါဝင်သည့် (Club)အသင်းဝင်များဖြစ်သည့် ဒေါ်ဥမ္မာမြိုင်က လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်နီနီအေးက ရလဒ်ကို ဦးတည်လာသော အရွေ့တစ်ခုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဧကရီဝင်းကျော်က လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ရာ ဦးစီးအရာရှိမှ ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment