Pages

Pages

နတ်တလင်းမြို့နယ်တွင် လက်တွန်းထွန်စက်နှင့် တွဲဖက်သုံးမျိုးစေ့ချကိရိယာ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ



MNP ၊  ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ လက်တွန်းထွန်စက်နှင့်တွဲဖက်သုံးမျိုးစေ့ချကိရိယာ မိတ်ဆက်ပွဲအခမ်းအနား ယမန်နေ့နံနက် ၁၀ နာရီက နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် လယ်ယာမြေစနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးစနစ်မှန်ကန်စေရေးတို့ကိုပြောကြားခဲ့ပြီး နတ်တလင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးဦးမောင်ဌေးမှ စပါးသီးနှံစိုက်ပျိုးနည်းများ အကြောင်းရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် သာယာဝတီခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဝင်းသန့်မှ လက်တွန်းထွန်စက်ဖြင့် တွဲဖက်သုံး(၆)တန်းသွား မျိုးစေ့ချကိရိယာအသုံးပြုခြင်း၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရေး၊ စနစ်တကျလယ်ယာမြေဖော်ထုတ်ပေးခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များ၊ တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ဝေယံဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment