Pages

Pages

ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်၊ ချောင်းဝ၊ ဝါးကုန်းကျေးရွာအုပ်စုများ၌ ကျွဲနွားခွာနာလျှာနာရောဂါ မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲကျင်းပ



MNP ၊  ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်၊ ချောင်းဝ၊ဝါးကုန်းကျေးရွာ အုပ်စုများတွင် ကျွဲနွား ခွာနာလျှာနာ ရောဂါ မဖြစ်ပွားစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ပြင်ခရိုင်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


အခမ်းအနားတွင် ငပုတောမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာအောင်ရွှေထွန်းမှ ကျွဲ၊ နွားများတွင် ကျရောက်တတ် သော ရောဂါများ၊ ကျွဲ၊ နွား ခွာနာလျှာနာ၏ ရောဂါလက္ခဏာများနှင့် မည်သို့ကြိုတင်ကာကွယ်ကြရမည့် အချက်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ ပြင်ခရိုင်၊ ချောင်းဝ၊ ဝါးကုန်းကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာ အထောက် အကူပြုအဖွဲ့များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ပြီး စိတ်ပါဝင်စားစွာ လိုက်ပါဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။


လှိုင်မျိုးအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment