Pages

Pages

ကဝမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများလေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ


MNP ၊  ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများလေလံရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က ဂရန်အင်းလေလံတင်ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းလင်းက ဂရန်အင်းလေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကဝမြို့နယ်အတွင်းရှိ ဂရန်အင်း (၁၁)အင်းကို (ပထမ)အကြိမ် လေလံတင်ရောင်းချရာ စျေးပြိုင်စနစ်ဖြင့် (၅)အင်း ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိနေသော အင်းများကို (၁၁.၅.၂၀၂၃)ရက်နေ့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် (ဒုတိယ) အကြိမ် အင်းလေလံရောင်းချခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment