Pages

Pages

ရသေ့တောင်မြို့နယ်ရုံး (Community Centre)ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲ စာအုပ်​ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊  ဧပြီ ၂၅

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ယနေ့ ညနေ(၃)နာရီအချိန်က မြို့နယ်ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများကပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရ‌သေ့တောင်မြို့ နယ်ရုံးမှ ဒုတိယဦးစီးမှုး ဒေါ်တင်ဇာဦးက ရုံးလုပ်ငန်းသ‌ ဘောတရားများ၊ဝင်စာများကိုအ‌ရေးယူ‌ ဆောင်ရွက်ခြင်း၊ထွက်စာများကိုအ‌ ရေးယူဆောင်ရွက်ခြင်း၊စာရွက်စာတမ်းများလုံခြုံစွာကိုင်တယ်ထိန်းသိမ်း ခြင်းမှတ်တမ်းသိမ်းခြင်းမိမိတို့ရုံး၊ဌာန၊အဖွဲ့အစည်း၏အသုံးကျမှုရှိသည့်မှတ်တမ်းများအားလုံးကိုသတ်မှတ်ထား‌ သောစည်းမျဉ်းနှင့်အညီစနစ်တကျထိန်းသိမ်းထားရှိနိုင်ရန်၊‌ နောင်တွင်သမိုင်းအထောက်အထားများအဖြစ်ထားရှိရမည့်မှတ်တမ်းများကိုအမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်သို့ပေးပို့ခြင်းဖြင့်အဖွဲ့အစည်း၏မှတ်တမ်းများပမာဏလျော့နည်းသွားစေရန်စ‌သောရုံးလုပ်ငန်းသဘောတရားတို့ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment