ရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု





MNP ၊  ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက် / ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် အဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် အတွင်း ပေါ်ထွန်းလျက်ရှိသော မြေနုကျွန်းများ၌ သီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာများဖော်ထုတ်ရေးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် နွားမယံကျေးရွာအုပ်စု ၊နတ်မှော်ကျေးရွာ၊ ကွင်းအမှတ်(၄၀၇) အတွင်းရှိ မြေနုကျွန်းဧရိယာများ၊ရွှေဟင်္သာကျေးရွာအုပ်စု၊ကွင်းအမှတ် ( ၅၁၇၊၅၁၈၊၅၁၉) အတွင်းရှိ မြေနုကျွန်းဧရိယာများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။


အဆိုပါမြေနုကျွန်းများ၌သီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာများဖော်ထုတ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက် / ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များ လိုက်ပါကွင်းဆင်း၍ သီးနှံစိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီသီးနှံစိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)