ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်





MNP ၊  ဧပြီ ၂၁

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်ရှိ ပန်းရံဆရာများ/လက်သ မားဆရာများ ဦးဆောင်၍ (၆)ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့ ပညာပါရမီ ပရိယတ္တိစာသင်တိုက်မှ စတင်ကာ မြို့ပေါ်(၄)ရပ်ကွက်သို့ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။


    “ကျွန်တော်တို့ မြို့ပေါ်ပန်းရံဆရာ/လက်သမားဆရာများ ဦးဆောင်၍ နှစ်စဉ်နှစ်တိုင်း မြန်မာနှစ်သစ်ကူး အခါသမယမှာ (၇)ရက်သား သမီးများအပေါင်းတို့ ဘေးအန္တရာယ်များ ကင်းဝေးကြစေရန်ရည်ရွယ်၍ သီလသမာဓိ ဉာဏ်ပညာတို့နှင့်ပြည့်စုံသည့် ဆရာတော်၊ သံဃာတော်များအားပင့်ဆောင်ကာ မြို့ပေါ်ရပ်ကွက်များတွင်း လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်တော်ရည်များပက်ဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်ဟု” ပန်းရံဆရာကြီး ဦးမောင်လှရွှေက ပြောသည်။


    ထိုသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရာတွင် မြို့နယ်သံဃာ့ နာယကဥက္ကဋ္ဌ၊ သာသနဓဇဓမ္မစရိယ၊ မဟာဂန္တဝါစက္ကဘွဲ့တံဆိပ်တော်ရ မြို့မပရိယတ္တိစာသင်တိုက် ပဓန နာယက ဘဒ္ဒန္တ ဦးပဏ္ဍိတ ဦးစီးပြီး၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း တိုက် အသီးသီးမှ ဆရာတော်၊ သံဃာ တော်(၁၂)ပါးတို့က မင်္ဂလသုတ်၊ 

ရတနသုတ်၊ မေတ္တာသုတ် အစရှိသည့် ပရိတ်တရားဒေသနာတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြရာ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့က သဒ္ဒါ တရားထက်သန်စွာဖြင့် ကုသိုလ်ပြုနာယူခဲ့ကြကြောင်းသိရသည်။ 


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)