ပေါင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုလျှက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုလျှက်ရှိ




MNP ၊  ဧပြီ ၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  ပါဠိပထမပြန် စာမေးပွဲကို ယနေ့  နေ့လယ်ပိုင်းက ကဒါရပ်ကွက်သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ နောက်ဆုံးနေ့  ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က စာဖြေသံဃာတော်များ လိုက်နာရမည့် စည်းကမ်းချက်များကို လျောက်ထားခဲ့သည်။အဆိုပါ ပါဠိပထမပြန် စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့်မြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ စာဖြေသံဃာတော်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။


ယနေ့ နောက်ဆုံးနေ့စတင်ဖြေဆိုသည့် ပါဠိပထမပြန်စာမေးပွဲသို့  ကြီးကြပ်ဆရာတော် (၁၇) ပါးတို့ဖြင့် ကျင်းပဆောင် ရွက်လျက်ရှိရာ ယခုနောက်ဆုံးနေ့အဖြစ် အကြီးတန်း (၁၀)ပါး ဖြေဆိုလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)