MNP ၊ ဧပြီ ၄
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ အား စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၂ နာရီအချိန် အဆိုပါရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်း(၄၀)ဦး အတွက် တစ်ဦးလျှင် ဆီ ၊ ကြက် သွန်နီ ၊ ကြက်သွန်ဖြူ ၊ ကြက်ဉ ၊ အာလူး စုစု ပေါင်း အမျိုး အစား (၅)မျိုး နှင့် ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် တာဝန်ရှိ သူ များက ဝန်ထမ်း များ လက်ဝယ်သို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost






No comments:
Post a Comment