ဝက်လက်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များမှ ဖမ်းဆီးရမိ အကြမ်းဖက်သမားတချို့ ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များမှ ဖမ်းဆီးရမိ အကြမ်းဖက်သမားတချို့ ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ ဧပြီ ၂၉

ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ လုပ်ကြံဖန်တီး လှုံ့ဆော်မှုများ နောက်တွင် လိုက်ပါပြီး အကြမ်းဖက် အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည့် အကြမ်းဖက်သမာများအနက်မှ ဖမ်းဆီးရမိသူတချို့ကို ဝက်လက်၊ ရွှေဘို၊ ခင်ဦးမြို့နယ်တို့တွင် ၂၈-၄-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကျေးရွာအတွင်း အလှူငွေများ လိုက်လံကောက်ခံခဲ့ပြီး အကြမ်းဖက်အဖွဲအစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ ဝေလွင်ဦး အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊

ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကျေးရွာအတွင်း အလှူငွေများ လိုက်လံကောက်ခံခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ အိအိဖွေး(ခ)မကေသီခိုင်(ခ)လှနုဖြူ အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် (၄)နှစ်၊

ဝက်လက်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ သွားလာမှုများအား သတင်းပေးပို့ခြင်း အကြမ်းဖက်အဖွဲအစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ ချမ်းမြေ့ဇော်(ခ)ငပြူးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊

ဝက်လက်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲများ၏ သွားလာမှုများအား သတင်းပေးပို့ခြင်း အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ တင်မိုးအောင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊

ဝက်လက်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ သွားလာမှုများအား သတင်းပေးပို့ခြင်း အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ ညီဝေဖြိုး(ခ)သားညီအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊

ဝက်လက်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ သွားလာမှုများအား သတင်းပေးပိုခြင်း အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ နေလင်း(ခ)လင်းလင်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊

ဝက်လက်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ သွားလာမှုများအား သတင်းပေးပိုခြင်း အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ သူရိန်အောင်(ခ)ဖိုးသူရိန်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊

ဝက်လက်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ သွားလာမှုများအား သတင်းပေးပိုခြင်း အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ ချမ်းသာ(ခ)ကိုချမ်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊

ဝက်လက်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ သွားလာမှုများအား သတင်းပေးပိုခြင်း အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ ညီညီချမ်းသာ(ခ)ဖိုးညီအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊

ဝက်လက်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ သွားလာမှုများအား သတင်းပေးပို့ခြင်း အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ သန့်ဇင်တိုးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊

ဝက်လက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့များ၏ သွားလာမှုများအား သတင်းပေးပို့ခြင်း အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ နိုင်စန်းဦး(ခ)အရှည်ကြီးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ် အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သူ၊ အကြမ်းဖက်သမား (၁၁)ဦး ကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


အလားတူ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်သတင်းများ၊ အကြောင်းအရာများအား ရေးသားဖြန့်ဝေသူ တရားခံ တင်မျိုးထွေး၊ တရားခံ ထွန်းလွင်အောင် တို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။


ထို့အတူ ခင်ဦးမြို့နယ်၊ မင်းကန်ကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးများ ထောက်ပံ့ပေးလျက်ရှိသူ တရားခံ မယုယုထွေး အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)အရ ထောင်ဒဏ် (တစ်သက်တစ်ကျွန်း) ချမှတ်လိုက်ကြောင်း သိရသည်။


ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့၏ သြဇာခံ PDF အကြမ်းဖက်သမားများကို နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စ၍ ယနေ့တိုင်အောင် အကြမ်းဖက်လုပ်ရပ်များကို စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ငါးထောင်ကျော် အထိ သတ်ဖြတ်ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)