အုတ်တွင်းမြို့နယ်၌ ဓမ္မာစရိယဂုဏ်ပြုပူဇော်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ဓမ္မာစရိယဂုဏ်ပြုပူဇော်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ


MNP ၊  ဧပြီ ၃

၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်သော ဆရာတော်၊ သံဃာတော်အရှင်မြတ်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိ မဟာရွှေကံသာကျောင်းတော်၌ ကျင်းပသည်။


ရှေးဦးစွာမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဝိသာရဒထံမှ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များ၊ အုတ်တွင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ရဲကျော်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် အုတ်တွင်းမြို့နယ် တပ်နယ်မှူးက ဆရာတော်ကြီးများအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး စာအောင်သံဃာတော်အရှင်သူ မြတ်များအား စာအောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဩဘာသ (ပစ္ဆိမာရုံစာသင်တိုက်၊ ညောင်ခြေထောက်)ထံမှ ရေစက်ချအနုမောဒနာတရားနာကြားပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။


အခမ်းအနားပြီးနောက် အုတ်တွင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ရဲကျော်ကျော်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်၊ အဖွဲ့ဝင်ဆရာတော်များ၊ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာ(၉၃)ပါးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။


အုတ်တွင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာ ဓမ္မာစရိယ(၆)ပါးနှင့် ပထမကြီး/လတ်/ငယ် သံဃာ(၃၇)ပါး စုစုပေါင်း ဆရာတော်၊ သံဃာတော်(၄၃)ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။


အေမင်းရည်စော

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)