မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ် ကစားသမား ၂၃ ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ် ကစားသမား ၂၃ ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီ





MNP ၊ ဧပြီ ၁၉

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ် ကစားသမား ၂၃ ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည် ကာဂျစ္စတန်နိုင်ငံငံ၊ ဘစ်ရှ်ကက်မြို့တွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (F)အဖြစ် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်မှ ၂၈ ရက်ထိ အိမ်ရှင် ကာဂျစ္စတန်၊ အိန္ဒိယ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည် ဧပြီ ၂၄ ရက် မြန်မာစံတော်ချိန် ည ၇: ၃၀ နာရီတွင် ကာဂျစ္စတန်အသင်း၊ ဧပြီ ၂၈ရက် မြန်မာစံတော်ချိန် မြန်မာစံတော်ချိန် ည ၇: ၃၀ နာရီတွင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းကို ယခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် ပဏာမ ကစားသမား (၃၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးသန်းဝေ၊ လက်ထောက် နည်းပြများအဖြစ်ဒေါ်မာလာဝင်းနှင့် ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေးတို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

မြန်မာအမျိုးသမီး ယူ-၁၇ ကစားသမားများကို ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများ၊ ယူ-၁၉ လက်ရွေးစင် အသင်းမှ အသက်မီသည့် ကစားသမားများ၊ ယူ-၁၆ လက်ရွေးစင်များ၊ အား/ကာသိပ္ပံများမှ ကစားသမားများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သော ကစားသမားများကိုပါ ပေါင်းစပ်ရွေးချယ်ထားခြင်း ဖြစ်သည်။

ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စုပထမရသော အသင်း (၈)သင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာအတွင်း အုပ်စုနှစ်ခုခွဲ၍ ဒုတိယအဆင့် ခြေစစ်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ အင်ဒိုနီးရှား( ၂၀၂၄ အာရှအမျိူးသမီး ယူ-၁၇ ပြိုင်ပွဲ အိမ်ရှင်)၊ တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယားတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၁၇ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၁၇ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။


မြန်မာအမျိုးသမီး ယူ-၁၇ အုပ်ချုပ်/နည်းပြစာရင်း

အသင်းမန်နေဂျာ-ဒေါ်နွယ်နီဦး

နည်းပြချုပ် – ဦးသန်းဝေ

လက်ထောက်နည်းပြများ – ဒေါ်မာလာဝင်း၊ ဒေါ်သန်းသန်းထွေး

ဂိုးနည်းပြ – ဦးစိန်အေး

အသင်းဆရာဝန်- ဒေါက်တာပွင့်မာလာသော်

အကြောကျွမ်းကျင်- ဦးလွင်ဦးကို

အသင်းမီဒီယာ- သီဟအောင်


မြန်မာအမျိုးသမီး ယူ-၁၇ ကစားသမား စာရင်း

ဂိုး – သူဇာအောင်(ဧရာဝတီတိုင်းဒေသကြီး)၊ အိတာယာ(အား/ကာသိပ္ပံ၊ ရန်ကုန်)၊ ပန်းနုဝေ(အား/ကာသိပ္ပံ၊ မန္တလေး)။

နောက်တန်း – ယုယုနိုင် (YREO)၊ မင်းမင်းနု(မန္တလေးတိုင်းဒေသကြီး)၊သဲအိလှိုင်(ဧရာဝတီတိုင်းဒေသကြီး)၊ ယမင်းဖြူ(YREO)။

အလယ်တန်း –ကေသွယ်ဖြိုးဦး(အား/ကာသိပ္ပံ၊ ရန်ကုန်)၊ မြတ်နိုးအောင် (YREO)၊ ငြိမ်းငြိမ်းဖြိုး(အား/ကာသိပ္ပံ၊ မန္တလေး)၊ ဝင်းစန္ဒာ(နေပြည်တော်)၊ နှင်းဝေနှင်း(ဧရာဝတီတိုင်းဒေသကြီး)၊ ခင်ဖုန်း(YREO)၊ ဟန်နီမိုးလွင် (YREO)၊ သွန်းဝတီ(YREO)။

ရှေ့တန်း – ဇခါရိုရ်စီ(ကချင်ပြည်နယ်) ၊ ယုယနိုင်(YREO)၊ သင်ဇာလင်း(ဧရာဝတီတိုင်းဒေသကြီး)၊ နှင်းလတ်လတ်လှိုင်(ရန်ကုန်တိုင်းဒေသကြီး)၊ ပန်းအိနွယ်(ဧရာဝတီတိုင်းဒေသကြီး)၊ အကူးမွန်းရမ်(ကချင်ပြည်နယ်)၊ စုစုခင်(YREO)၊ ရွှေပုံချစ်(YREO)။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)