ရုရှားနှင့် မြန်မာ ကြား လူသားချင်းစာနာမှု၊ ပညာရပ်ဆိုင်ရာနှင့် လူမှုရေး-နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရေးဆိုင်ရာများ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနှင့် မြန်မာ ကြား လူသားချင်းစာနာမှု၊ ပညာရပ်ဆိုင်ရာနှင့် လူမှုရေး-နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရေးဆိုင်ရာများ ဆွေးနွေး


MNP ၊ ဧပြီ ၂၉

“ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ” ဖိုရမ်ကို ရုရှားနိုင်ငံမော်စကိုမြို့တွင် ဧပြီ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး အဆိုပါဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်သို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရောက်ရှိနေစဉ်အတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ရည်ရွယ်၍ သက်ဆိုင်ရာ ရုရှားအဖွဲ့အစည်းများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

ဆွေးနွေးမှုများအတွင်းနှစ်နိုင်ငံ သံတမန်ဆက်သွယ်ထူထောင်မှု စိန်ရတုပြည့်မြောက်ခဲ့မှုနှင့်အတူ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေး အရှိန်အဟုန်မြင့်မားလာမှုကို အသိအမှတ်ပြုခဲ့ကြပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် အဆက်အသွယ်များ တည်ဆောက်နိုင်မှုနှင့် နိုင်ငံများအကြား ပညာရေးဆိုင်ရာဆက်ဆံရေး ထူထောင်မှုများမှတစ်ဆင့် ရုရှား-မြန်မာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အပြန်အလှန်ဆက်သွယ်ရေးအတွက် လိုအပ်ချက်များ၊ ရုရှားဈေးကွက်သို့ မြန်မာ့ထုတ်ကုန် ပစ္စည်းများ တင်ပို့ရေးဆိုင်ရာများ၊ ရုရှားနှင့်မြန်မာကြား လူသားချင်းစာနာမှု၊ ပညာရပ်ဆိုင်ရာနှင့် လူမှုရေး-နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာစေရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ဖိုရမ်အစီအစဉ်များပြီးနောက် ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ရှိ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းနှင့် ရုရှားနိုင်ငံယဉ်ကျေးမှုမြို့ တော်ဖြစ်သည့် စိန့်ပီတာစဘတ် မြို့အတွင်း လေ့လာရေးအစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)