Pages

Pages

ရွာငံမြို့နယ်လုံးဆိုင်ရာ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်နာယူပူဇော်ပွဲ၊ သက်ကြီးဘိုးဘွားကန်တော့ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ





MNP ၊  ဧပြီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ နယ်လုံးဆိုင်ရာ အန္တာရယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်နာယူပူဇော်ပွဲ၊ သက်ကြီးဘိုးဘွားကန်တော့ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲကို မြို့နယ်အတွင်းရှိ စေတနာရှင်၊ ကုသိုလ်ရှင်များနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ က မြန်မာသက္ကရာဇ် ၁၃၈၅ - ခုနှစ်၊ နှစ်ဆန်း(၁) ရက်နေ့  နံနက် ၁၀ နာရီက သာသနာ့ဗိမာန်၌  ကျင်းပခဲ့သည်။ 


ရှေးဦးစွာ ဈေးတန်း၊ ရွာမ၊ မြို့ကုန်း၊ အင်းကုန်းငါးဆူရှိ သက်ကြီးဘိုးဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူစေတနာရှင်များ၊ ဧည့်သည်များက အဘိုးအဘွားများအား ဝတ္ထုပစ္စည်းများကို လှူဒါန်းကြရာ အဘိုးအဘွားများက မေတ္တာဆုများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် အဘိုးအဘွားများအား အာဟာရဒါနများ ကျွေးမွေးခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက မြနန္ဒာရေကန်းအတွင်း ဇီဝိတဒါန ငါးလွှတ်ပွဲတော် ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်မြတ်တို့အား ဆွမ်း၊ ဘောစဉ် တို့ဖြင့် ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး‌ ရွှေပေါ်ကျွန်းကျောင်းတိုက် ဘဒ္ဒန္တ ဇောတထံမှ ငါးပါးသီလနှင့်အတူ နှစ်ဆန်းတစ်ရက် အကျိုးတရားများကို နာယူပူဇော်ခဲ့ကြသည်။ 


မေတ္တာသုတ်တရားတော်များနှင့်အတူ ရေစက်သွန်းချ အမျှပေးဝေကာ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပင့်သံဃာတော်များက ရွာငံမြို့၏ အရပ်လေးမျက်နှာတို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇာယ်ခဲ့ကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment