Pages

Pages

ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး


MNP ၊  ဧပြီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့‌ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ သန္ဓေသားအနေထား မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ‌ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက်ပေးကြောင်း သိရသည်။


မျိုးဝင်းညို 

 https://t.me/MyanmarNationalPost




No comments:

Post a Comment