Pages

Pages

ရွှေတောင်မြို့နယ်တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး



MNP ၊  ဧပြီ ၄

ပဲခူး တိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


      ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန် ၀မ်းပျက်၀မ်းလျှော၊ (ရိုတာ) ပိုလီယို ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက်  ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး  လာရောက်ထိုးနှံသော အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များလာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။


     အဆိုပါ ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးများအား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး  ညွှန်ကြားချက်များနှင့်အညီ  ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကိုကို မင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment