Pages

Pages

ရွှေတောင်မြို့နယ် ၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာဖြေဆိုပြီးမြောက်




MNP ၊  ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ ဖြေဆိုခြင်းကို ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်းရှိ သာသနာ့ဗိမာန်တွင်  ကျင်းပပြုလုပ်ခဲ့ရာ  နောက်ဆုံးနေ့အဖြစ် ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်မှစ၍ အောင်မြင်စွာ  ဖြေဆိုကြကြောင်း သိရသည်။


         အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် နောက်ဆုံးနေ့အဖြစ် ဘာသာပြန်ဘာသာရပ်ကို   ပထမကြီးတန်း ရှင်ရဟန်း (၉)ပါး၊ သာမဏေ ( ၃)ပါး၊ သီလရှငါ (၂)ပါးစာရင်းရှိရာ ရှင်ရဟန်း (၈)ပါး ၊ သာမဏေ (၃)ပါးနှင့် သီလရှင် (၂)ပါး စုစုပေါင်း (၁၃)ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။ 


ပါဠိပထမ ပြန်စာမေးပွဲ ကျင်းပရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊တက်ရောက်ပြီး မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များနှင့် အဖွဲ့ဝင်များမှကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။


          စာဖြေကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေရဟန်း၊ သာမဏေ၊သီလရှင်များ ဆွမ်း ၊ကွမ်း၊ဝေယျာဝစ္စများ ပြည့်စုံစေရေး စီမံဆောင်ရွက်ပေးခြင်း၊ စာဖြေသံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး လိုအပ်သော လုံခြုံရေးအစောင့်အရှောက်များနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment