Pages

Pages

ဂွမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် နွေရာသီ ယဉ်ကျေးလိမ္မာ ရက်တို သင်တန်း ဖွင့်လှစ်





MNP ၊  ဧပြီ ၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌၊ နွေရာသီ ယဉ်ကျေးလိမ္မာ ရက်တို သင်တန်းများကို ယမန်နေ့၊ နံနက်ပိုင်းက စတင်ကာ မြို့နယ်တွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၁၄၀တွင် ဖွင့်လှစ်ခဲ့ကြသည်။  


ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် ပြည်သူ့နီတီများကို သိရှိစေရန် ရည်ရွယ်၍ မြို့နယ်လုံးကျွတ် ယဉ်ကျေးလိမ္မာ ရက်တိုသင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီလ(၃) ရက်နေ့မှ (၇)ရက်နေ့ထိ (၅)ရက်ကြာ သင်ကြား ပို့ချ ပေးသွားမည် ဖြစ်ကြောင်း   သိရှိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment