Pages

Pages

ပေါက်တောမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲနောက်ဆုံးနေ့ဖြေဆို





MNP ၊  ဧပြီ ၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူးလျက် နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှဖြေဆိုလျက်ရှိသည်။


ပေါက်တောမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ( ၂၈)ရက်နေ့မှ ကျင်းပလျက်ရှိရာ ယနေ့တွင်နောက်ဆုံးနေ့အဖြစ် ဘာသာပြန်ဘာသာကို ပထမကြီးတန်းတွင်(၅)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာရင်းပေးသွင်းထားသူ စာဖြေသံဃာစုစုပေါင်း( ၆)ပါး ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရှိရသည်။


သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment