Pages

Pages

ကျောက်ဖြူခရိုင် Community Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်




MNP ၊  ဧပြီ ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမ၌ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝန်းတွင် ကလေးသူငယ်များအပေါ် အကြမ်း ဖက်ခြင်း၊ လစ်လျူရှုခံရခြင်း၊ ခေါင်းပုံဖြတ်ခြင်းများ တွေ့ရှိကြားသိနေရပြီး ကလေးသူငယ်မှုခင်းများ လည်းဖြစ်ပွားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာအမျိုးသားကော်မတီ(NCRC) ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်(CRC)ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့မြို့နယ်တွင်လည်း မြို့နယ်အဆင့်ကော်မတီကိုဖွဲ့စည်းပြီး ကလေးသူငယ်များအကျိုးဆောင် ရွက်လျက်ရှိပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေ၊ နည်းဉပဒေများနှင့်ပတ် သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ 


ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ (Talk Show)  များပြုလုပ်ခြင်း၊ ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများ အခမဲ့ငှားရမ်းပေးခြင်း  ကလေးများ ဉာဏ်ရည်၊ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသပေးခြင်း စသည့် အသိပညာပေးအစီအစဉ်များအား Face Book Page မှတစ်ဆင့် ဝန်ဆောင်မှုပေးလျှက်ရှိသည့်အပြင် Community Centre ခန်းမ၌ နွေရာသီ အခြေခံပန်းချီသင်တန်း၊ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် နွေရာသီအခြေခံကွန်ပျူတာ သင်တန်းများအား ဖွင့်လှစ်ပြသလျက်ရှိ ကြောင်း သိရှိရသည်။ 



တင်ထွန်းဦး

 https://t.me/MyanmarNationalPost





No comments:

Post a Comment