MNP ၊ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ လိမ္မာ ယဉ်ကျေးပြီး အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနှင့် အခြေခံအင်္ဂလိပ်စာ၊ ကွန်ပျုတာသင်တန်းများကို ကြံခင်းမြို့ ဘိလပ်မြေစက်ရုံ (၄၀)စကေးရှိ ခေမာသီဝံကျောင်းတိုက်အတွင်း ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို ခေမာသီဝံကျောင်းတိုက်ဆရာတော် ဦးဩဘာသ(MA)က ကြီးမှူး ဖွင့်လှစ်သင်ကြားပေးရာ ဘိလပ်မြေ စက်ရုံ ဝန်ထမ်းသား/သမီးများ၊ စက်ရုံအနီးဝန်းကျင်မှ ကျောင်းသား/သူလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျုတာသင်တန်းများကို မတ်လ(၂၂)ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးရာ ဧပြီ(၁၀)ရက်နေ့ထိ ရက်(၂၀)ကြာ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ သင်တန်းတွင် သံဃာတော်(၆)ပါးနှင့် ကျောင်းသား/သူ(၁၂၀)ဦး တက်ရောက် သင်ကြား လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment