မုတ္တမမြို့၊ မြင်းတပ်ရပ်၌ တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းဘုရား(၁၆)ဌာန သမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူ ပူဇော်ပွဲနှင့် သံဃာတော် ၁၈၀ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုတ္တမမြို့၊ မြင်းတပ်ရပ်၌ တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းဘုရား(၁၆)ဌာန သမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူ ပူဇော်ပွဲနှင့် သံဃာတော် ၁၈၀ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ


MNP ၊ ဧပြီ ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့၊ မြင်းတပ်ရပ်၌ တည်ထားကိုးကွယ်တော် မူသော ရှေးဟောင်းဘုရား(၁၆)ဌာနသမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် သံဃာတော် ၁၈၀ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ပြုလုပ်ရာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ၊ နန်းဦးကျောင်း တိုက် ဦးစီးပဓာန နာယက မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စေတီတော်အထွတ်သို့ တင်လှူ ပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ဆရာတော်ကြီးများထံ ဆက်ကပ် လှူဒါန်းကြပြီး စေတီတော်အား လက်ယာရစ် သုံးပတ်လှည့်လည်ပင့်ဆောင် ပူဇော်ကြ သည်။ ထို့နောက် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်သို့ တင်လှူပူဇော်ကြ သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြိုင်ကြီးငူဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြကာ သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော် ၁၈၀ ပါးတို့ကို ဆွမ်းဆန်စိမ်း များ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)