ပြည်မြို့နွေရာသီလူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အားပေးထောက်ပံ့ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နွေရာသီလူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အားပေးထောက်ပံ့ချီးမြှင့်




MNP ၊  ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အ.ထ.က(၁)သီရိရတနာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “နွေရာသီလူငယ်ကင်းထောက်သင်တန်း”ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ထောက်ပံ့ချီးမြှင့်သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း နွေရာသီလူငယ်ကင်းထောက်သင်တန်းများဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား‌ပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေကျပ်(၅,၄၂၁,၂၀၀/-)(ကျပ်ငါးဆယ့်လေးသိန်းနှစ်သောင်းတစ်ထောင့်နှစ်ရာတိတိ)အား ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းခွဲပညာရေးမှူးဦးတင်ယုထံ ပေးအပ်သည်။


ထို့နောက် အ.ထ.က(၁)ပြည်မှ ကင်းထောက်လူငယ်မောင်မယ်လေးများက “ပြည်သူ့အတွက်အဆင်အသင့်” ကင်းထောက်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ဖျော်ဖြေရေးကင်းထောက်လူငယ်အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ငွေကျပ်(၂)သိန်းချီးမြှင့်ပေးအပ်ကာ တက်ရောက်လာသော တာဝန်ရှိသူများ၊ ကင်းထောက်လူငယ်မောင်မယ်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။


အဆိုပါသင်တန်းကို ယခုလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ သင်တန်းကာလသုံးရက်ကြာဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းသို့ ပြည်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကင်းထောက်လူငယ်မောင်မယ်စုစုပေါင်း ၆၀ ဦးတက်ရောက်ပြီး သင်တန်းတွင် တာဝန်ရှိသူ ဆရာ၊ ဆရာမများက ကင်းထောက်ဆိုင်ရာအသိပညာ၊ အတတ်ပညာဗဟုသုတဆိုင်ရာများကို လေ့ကျင့်သင်ကြားဆောင်ရွက်‌ပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တိုင်းခွဲပညာရေးမှူးရုံးမှ သိရသည်။


ကိုဆက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment