ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်


MNP ၊  ဧပြီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲက ရေဖြူမြို့၊ မြို့နယ်စည်ပင်သာယာစျေးနှင့် မြို့မရဲစခန်းရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။


အဆိုပါမီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်တွင် မီးလောင်ကျွမ်းမှုဖြစ်စေ၊ သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်သည်ဖြစ်စေ မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှု လျော့နည်းစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မော်တော်ယာဉ်တိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန် စသည့်စိတ်ဝင်စားစရာ အကြောင်းအရာများ ပါဝင်သည်။


မီးဘေးနှင့်သဘာဝအန္တရာယ်ဖြစ်ပွားပါက ချက်ချင်းအကူအညီတောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်  (191) စတေကာပြားများအား ခရီးသွားသည့် ကား/ဆိုင်ကယ်များရှေ့တွင် လည်းကောင်း၊ လမ်းဘေးဓာတ်မီးတိုင်များ၊ စျေးအတွင်းအပြင်ရှိအများပြည်သူ မြင်သာသည့်နေရာများတွင် ကပ်နှိပ်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါဆောင်ရွက်ပေးခြင်းကို ရေဖြူမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးလှနောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုမင်းနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင် (၁၀၀၀)၊ စတေကာအသေး(၅၀၀)၊ စတေကာအကြီး(၃၆၀)တို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ရာ တတိယအကြိမ် (၄၀)ရာခိုင်နှုန်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ထံမှ သတင်းရရှိသည်။


ခတ္တာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)