MNP ၊ ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်တွင် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် နယ်မြေ(၅)ရှိ ဦးကျော်စိုးဝင်း အသက်(၆၃)နှစ် (ဘ) ဦးလွင်မောင်၏ အလျား ၄၈ ပေ၊ အနံ ပေ ၂၀၊ နံကပ် (၂)ထပ် သံလွင်ဖြူအမျိုးသမီးအဆောင်တွင် ခြင်ဆေးခွေမီး ထွန်းထားရာမှ အနီးရှိ အိမ်သုံး Gas ဘူးများသို့ မီးကူးစက်ရာမှ အလျား ၄၈ ပေ ၊ အနံ ပေ ၂၀၊ နံကပ် (၂)ထပ် သံလွင်ဖြူအမျိုးသမီးအဆောင်(၁)ဆောင် မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်မှုဖြစ်ပွားနေကြောင်း မိတ္ထီလာမြို့နယ်မီးသတ်စခန်းသို့ တယ်လီဖုန်းသတင်းပေးမှုကြောင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ အထောက်အကူပြုယာဉ် (၂)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် အလျား ၄၈ ပေ ၊အနံ ပေ ၂၀၊ နံကပ် (၂)ထပ် သံလွင်ဖြူ အမျိုးသမီး အဆောင် (၁)ဆောင် မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အဆောင်ပိုင်ရှင် ဦးကျော်စိုးဝင်းအား မိတ္ထီလာမြို့ အမှတ်(၂) ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment