ပေါက်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး





MNP ၊  ဧပြီ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပေါက်တော-တောင်ညိုအထွက်လမ်းရှိ စက်သုံးဆီဆိုင်တန်းများအား ယနေ့ နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး  ဦးစိန်ကျော်လှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ  မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပေါက်တော-တောင်ညိုအထွက်လမ်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ မရှိ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေရေး အတွက် မီးဘေးလုံခြုံရေး အသိပညာပေးဆိုင်ဘုတ်များ ထားရှိစေရေး၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိ အသုံးပြုတတ်စေရေး စသည့် ဆောင်ရန် ရှောင်ရန်တို့ကို အကြံပြု ကွင်းဆင်း စစ်ဆေးခဲ့ ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment