သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ




MNP ၊  ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။


ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်တို့မှ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ လကုန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ ပြည်သူ့လုံခြုံရေးကြီးကြပ်ရေးအဖွဲ့အင်အား အသုံးပြုဆောင်ရွက်ရန်၊ ဧည့်စာရင်းစစ်ဆေးရန်၊ ထူးခြားဖြစ်စဥ်အချိန်နှင့် တစ်ပြေးညီ ပေးပို့တင်ပြရန်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရန်၊ အပတ်စဥ် စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်၊ ကဆုန်ညောင်ရေသွန်းပွဲတော် စည်စည်ကားကား သွန်းလောင်းနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်၊ လောင်းကစားဝိုင်း (နှစ်လုံး၊သုံးလုံး၊ကြက်ဝိုင်း) မပြုလုပ်ရေး ကြပ်မတ်ဆောင်ရွက်ရန် မှုခင်းမဖြစ်ပေါ်ရေး ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအထိ ချပြရှင်းလင်းကြပ်မတ်ဆောင်ရွက်ရန် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မေလ(၂၃)ရက်နေ့ ကျောင်းအပ်နှံမည်ဖြစ်၍ လုံခြုံရေး၊ ကျောင်းသား/သူများ ကျောင်းအပ်နှံရေး၊ ကျောင်းသန့်ရှင်းရေး၊ ကျောင်းပရိဘောဂများ ပြည့်စုံရေး ကြိုတင်စီမံဆောင်ရွက်ရန်၊ မိုးစပါး၊ နွေစပါး တစ်ဧက(၁၀)တင်း ပိုမိုထွက်ရှိရေးဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ (၂၉၅၀)ဧက စိုက်ပျိုးရေးနှင့် ဆောင်းနေကြာ(၂၀၀၀)ဧက စိုက်ပျိုးရေးဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စပါး/ပဲတီစိမ်း သွင်းအားစု ရယူထားသည့် တောင်သူများ သတ်မှတ်ကာလပြည့်ပါက ပေးသွင်းရေး နှိုးဆော်ဆောင်ရွက်ရန်၊ အထက်အဆင့်ဆင့်ညွှန်ကြားချက်များအား အလေးထား လိုက်နာဆောင်ရွက်ရန်နှင့် အထွေထွေကိစ္စရပ်တို့ကို ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)