သရက်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်




MNP ၊  ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ဖွဲ့စည်းတာဝန်ပေးထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် စုပေါင်းဆောင်ရွက်ကြရန်၊ သင်္ကြန်မဏ္ဍုပ်တည်ဆောက်ရေး၊ ရပ်ကွက်အသီးသီးမှ အကအလှယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေနိုင်ရေး၊ ရေလုံလောက်စွာရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားနာယူနိုင်ရေးနှင့် သက်ကြီးအဘိုး၊ အဘွားများအား ပူဇော်ကန်တော့ရေးတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)က လုံခြုံရေးကိစ္စများ ရှင်းလင်းပြောကြားရာတွင် ခရီးသွားလာရာတွင် ဝန်ထမ်းများအနေဖြင့် မိမိလုံခြုံရေးကိုအလေးထားကြရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းတိုးတက်မှုအခြေအနေများအား သက်ဆိုင်ရာဌာနများအလိုက် တစ်လတစ်ကြိမ်တင်ပြသွားကြရန်နှင့် လုံခြုံရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များရှိခဲ့ပါကလည်း သတင်းပို့ဆက်သွယ် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။


ယင်းနောက် မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာကော်မတီအသီးသီးက ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)