ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ တနင်္ဂနွေနေ့ညပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ တနင်္ဂနွေနေ့ညပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဧပြီ ၃၀


ပရီးမီးယားလိပ်ပွဲစဉ် ၃၄အဖြစ် တနင်္ဂနွေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၇:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


ဘုန်းမောက် - လိဒ်စ် (ယနေ့ည ၇:၃၀)

ဘုန်းမောက်အသင်းနှင့် လိဒ်ယူနိုက်တက်အသင်းတို့ဟာ ဘုန်းမောက်အိမ်ကွင်း ဗစ်တာလတီမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဘုန်းမောက်နဲ့ လိဒ်စ်က အမှတ် မကွာသလို၊ အဆင့်ကလည်း အထက်အောက်ရပ် တည်နေတဲ့အသင်းတွေပါ။ ဘုန်းမောက်က ပိုအခြေအနေကောင်းတယ်။ တန်းမဆင်းရဖို့ အတွက် စိတ်ချရတဲ့အနေအထားမှာ ရှိမနေတဲ့အသင်းတွေဖြစ်ပြီး နိုင်ပွဲအသည်းအသန် လိုအပ်နေကြတယ်။ ဘုန်းမောက်က အိမ်ကွင်းမှာ ရှုံးပွဲဆက်နေတာ ပြဿနာဖြစ်ပြီး လိဒ်စ် ကလည်း ရလဒ်ဆိုးနေတာကြောင့် သရေကျသွားနိုင်တယ်။ (ခန့်မှန်းရလဒ် ဘုန်းမောက် ၁ - ၁ လိဒ်စ်)


ဖူလ်ဟမ် - မန်စီးတီး (ယနေ့ည ၇:၃၀)

ဖူလ်ဟမ်အသင်းနှင့် မန်ချက်စတာစီတီးအသင်းတို့ဟာ ဖူလ်ဟမ်အိမ်ကွင်း ကရာဗန် ကော့တေးလ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖူလ်ဟမ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာကို ရှုံးခဲ့တယ်။ ခြေစွမ်းက မဆိုးသလို၊ ရလဒ်လည်းမဆိုးပါဘူး။ ဒါပေမဲ့ ဒီရာသီမှာ စိတ်ပူစရာလည်းမရှိ၊ ရည်မှန်းချက်လည်း မရှိတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ တင်းအား မရှိဘူး။ မန်စီးတီးက ရာသီပိတ်မှာအရှိန်တင်နေတဲ့အသင်းဖြစ်သလို၊ အမှားလည်းမခံပါဘူး။စီတီဇင်တို့ ဂိုးပြတ်နိုင်ပွဲရယူလိမ့်မယ်။(ခန့်မှန်းရလဒ် ဖူလ်ဟမ် ၀ - ၃ မန်စီးတီး)


မန်ယူ - အက်စတွန်ဗီလာ (ယနေ့ည ၇:၃၀)


မန်ချက်စတာယူနိုက်တက်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ဟာ အိုးထရပ်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ပုံစံကောင်းပြနေတဲ့အသင်းနှစ်သင်းရဲ့ပွဲဖြစ်တယ်။ သေချာတာကတော့ နှစ်သင်းစ လုံးအတွက် မလွယ်ကူပါဘူး။ ဗီလာက တဖြည်းဖြည်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာတောင် ပစ်မှတ်ထားလာတဲ့အသင်းဖြစ်တယ်။ မန်ချက်စတာယူနိုက်တက်က ဒဏ်ရာပြဿနာတွေ ရှိတယ်။ ဗီလာရဲ့ Form ကလည်း အရမ်းကောင်းနေတာကြောင့် မန်ယူအိမ်ကွင်းဖြစ်ပေမယ့် ပဲ့ကိုင်ရှင် အူနိုင်း အမ်မရီဟာ ဒဏ်ရာတွေနဲ့ သရဲနီကို အနိုင်ကန်လိမ့်မယ်။(ခန့်မှန်းရလဒ် မန်ယူ ၀ - ၂ အက်စတွန်ဗီလာ) 


နယူးကာဆယ် - ဆောက်သမ်တန် (ယနေ့ည ၇:၃၀)

နယူးကာဆယ်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ဟာ နယူးကာဆယ်အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အာဆင်နယ်ကို သရေကစားခဲ့တဲ့ ဆောက်သမ်တန်ရဲ့ခြေစွမ်းနဲ့ စိတ်ဓာတ်က တော် တော်လေးကောင်းမွန်တယ်။ နိုင်ပွဲတွေလည်း ပြန်ရလာတယ်။ ဒါပေမဲ့ အမှတ်ပေးဇယား အောက်ဆုံးကို ရောက်နေတာဖြစ်လို့ မှော်ဆန်တဲ့ ရလဒ်တွေ ယူပြနိုင်ဖို့ လိုသေးတယ်။ န ယူးကာဆယ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတော့တဲ့ အနေအထားဖြစ်တဲ့အ ပြင် ခြေစွမ်းလည်းကောင်းနေလို့ ဆောက်သမ်တန်ရှုံးပွဲတွေ့လိမ့်မယ်။(ခန့်မှန်းရလဒ် နယူးကာဆယ် ၃ - ၁ ဆောက်သမ်တန်)


လီဗာပူးလ် - စပါး (ယနေ့ည ၁၁:၀၀)

လီဗာပူးလ်အသင်းနှင့် တော်တင်ဟမ်ဟော့စပါးအသင်းတို့ဟာ လီဗာပူးလ်အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။လီဗာပူးလ်က ခြေစွမ်းပိုင်း သိသိသာသာတိုးတက်လာတယ်။ ဂိုးတွေမြူးလာတယ်။ တိုက်စစ်ပိုင်း အားကောင်းနေတယ်။ မိုဆာလာဆီက အရေးပါတဲ့ ဂိုးတွေမြင်လာရတယ်။ တိုက်စစ်က တော်တော်လေး လူပြန်စုံလာပြီး ကွင်းလယ်က ကာတစ်ဂျုံးစ် နဲ့အတူ ပြန်လည်ခိုင်မာလာတာတွေ့ရတယ်။ ခံစစ်ပိုင်းက ပြဿနာရှိနေဆဲဆိုတာတော့အမှန်ပဲ။ ဒါပေမဲ့ လီဗာပူးလ်ခံစစ်က အရင်လို မကောင်းတာတော့ရှိပြီး အရမ်းဆိုးရွားစုတ်ပြတ်နေတာမျိုး မဟုတ်တော့ဘူး။ စပါးက တော်တော်လေးကို အခြေအ နေဆိုးနေတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမတိုင်ခင်အထိ ဘုန်းမောက်၊ နယူးကာဆယ်နှစ်သင်းကို (၉) ဂိုးအသွင်းခံခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကလည်း တော်တော်လေး မှေးမှိန်နေပါပြီ။ လက်ရှိ ခြေစွမ်းအရ လီဗာပူးလ်ကို စပါး ယှဉ်နိုင် စရာလည်း မရှိဘူး။ လီဗာပူးလ်ဘဲ ကပ်နိုင်ပါလိမ့်မယ်။(ခန့်မှန်းရလဒ် လီဗာပူးလ် ၃ - ၂ စပါး)


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)