ဖား​ဆောင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရား​တော်ရွတ်ဖတ်ပူ​ဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖား​ဆောင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရား​တော်ရွတ်ဖတ်ပူ​ဇော်


MNP ၊  ဧပြီ ၁၉

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူ​​ဇော်ပွဲကို ယမန်​နေ့ည​နေ ၅ နာရီအချိန်က မြို့လယ်လမ်းဆုံ၌ ကျင်းပပြုလုပ်ခဲ့သည်။


အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူ​ဇော်ပွဲအခမ်းအနားတွင် ကြွ​ရောက်လာကြ​သောဆရာတော်၊ သံဃာ​တော်ကြီးများထံမှ မြို့သူမြို့သားဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ​ဆောက်တည်ကြသည်။


ထို့​နောက် ​​တောင်​ပေါ်တပ်ဦး​ကျောင်းဖား​ဆောင်းမြို့နယ်သံဃနာယကအဖွဲ့အကျိုး​​တော်​ဆောင်ဆရာ​တော်ဘဒ္ဒန္တဇဝနနှင့် ဆရာ​တော်ကြီးများက အန္တရာယ်ကင်းပရိတ်တရား​တော်များ ရွတ်ဖတ်ချီးမြှင့်ကြရာ အန္တရာယ်ကင်းပရိတ်တရား​တော်များနာယူကြပြီး​နောက်​ရေစက်သွန်းချအမျှအတန်း​ပေး​ဝေခဲ့ကြပြီး ဧည့်ပရိတ်သတ်များက လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဖား​ဆောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/​ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများတွင် သံဃာတော်များပင့်ဖိတ်၍ လမ်းဆုံလမ်းမများ၊ ရုံးများတွင်အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်နာယူလျက်ရှိ​ကြောင်း သိရသည်။


နန်းသဲနု​အောင်

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)