ကျိုက်မရော၌ နွေရာသီကျောင်းပိတ်ရက် ပိုးကရင်တိုင်းရင်းသားစာပေသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရော၌ နွေရာသီကျောင်းပိတ်ရက် ပိုးကရင်တိုင်းရင်းသားစာပေသင်တန်းဖွင့်လှစ်


MNP ၊  ဧပြီ ၁၉

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်နှင့် တိုင်းရင်းသားစာပေယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာစာပေများမပျောက်မပျက်စေရေး ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်ရည်ရွယ်၍  ကျိုက်မရောမြို့နယ် ကရင်တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့က ဦးဆောင်ကြီးကြပ်မှုဖြင့် နွေရာသီပိုးကရင်တိုင်းရင်းသားစာပေသင်တန်းကို ယနေ့နံနက်က ရေပူကော့စပ်အုပ်စု ရေပူကော့စပ်ကျေးရွာ မူလတန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။


ရှေးဦးစွာ ကရင်တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌစောဒူးမြင့်က တိုင်းရင်းသားစာပေသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ သင်တန်းနည်းပြဆရာကြီးဦးလှမြင့်သိန်းက ပိုးကရင်စာပေသင်ကြားရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက်သင်တန်းနည်းပြ ဆရာ၊ ဆရာမနှစ်ဦးတို့က အခြေခံပညာမူလတန်းမှ ကျောင်းသား၊ ကျောင်းသူများအား ပိုးကရင်စာပေများကို နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးလျက်ရှိသည်။


နွေရာသီပိုးကရင်တိုင်းရင်းသားစာပေသင်တန်းသို့ ရေပူကော့စပ်ကျေးရွာ၊ ချောင်းနှစ်ခွကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ(၇၅)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း ကရင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှ သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)