မုဒုံမြို့အတွင်းရှိ သောက်သုံးရေခက်ခဲသော ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများသွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့အတွင်းရှိ သောက်သုံးရေခက်ခဲသော ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများသွားရောက်လှူဒါန်း


MNP ၊  ဧပြီ ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့အတွင်းရှိ သောက်သုံးရေရှားပါးခက်ခဲသော ရပ်ကွက်/ ကျေးရွာများသို့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ အိမ်တိုင်ရာရောက်သောက်သုံးရေများကို ယမန်နေ့ညနေက သွားရောက်လှူဒါန်းပေးသည်။


ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့၊ မြန်မာ့လူငယ်အဖွဲ့တို့က လူထုအကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် သောက်သုံးရေခက်ခဲနေသော မြို့မ(၄)ရပ်ကွက်အတွင်းရှိ ကန်ကြီးရပ်၊ အုတ်ကျင်းရပ်၊ ချမ်းမြကန်သာရပ်၊ ကျိုက်ရွဲကျေးရွာ၊ နိုင်းပြိုင်ကျေးရွာအနောက်ပိုင်း၊ ကွေ့ဝမ်းကျေးရွာအနောက်ပိုင်း၊ ကတုံးပေါ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာရှိ ရော်ဘာစိုက်ကွက်များထံသို့ သောက်သုံးရေလီတာ(၆၅၀၀၀)ကျော်ကို သွားရောက်လှူဒါန်းပေးခဲ့သည်။


အဆိုပါ ပရဟိတအသင်းအဖွဲ့များက မတ်လဒုတိယအပတ်မှစတင်ကာ သောက်သုံးရေရှားပါးသည့် ရပ်ကွက်/ကျေးရွာများသို့ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း၊ လိုအပ်သည့် နေရာများတွင်လည်း အကူညီတောင်းခံလာပါက သောက်သုံးရေခက်ခဲမှုမရှိစေရန် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုကယ်ဆယ်ရေးအသင်းများမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သားငယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)