ကျိုက်ထိုမြို့နယ် တွင် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ အခမဲ့ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် တွင် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ အခမဲ့ လှူဒါန်း





MNP ၊  ဧပြီ ၁၉

            မွန်ပြည်နယ်  ကျိုက်ထို မြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီးနွေရာသီတွင် ကျေးရွာ/ ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ လမ်းညွှန်မှုဖြင့်  ရပ်ကွက်များရှိရေလှောင်ကန်နှင့်နေအိမ်များသို့ သောက်သုံးရေများ အခမဲ့ သွားရောက် ဖြန့်ဝေပေးခြင်းကို ယမန်‌ နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်အတွင်း တောင်ပိုင်းရပ်ကွက်သို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။


   အဆိုပါ သောက်သုံးရေများအခမဲ့ဖြန့်ဝေပေးခြင်းကို မွန်ပြည်နယ်မီးသတ်ဦးစီးဌာန ၏ ကြီးကြပ်လမ်းညွှန်မှု မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံအောင်နှင့်ဝန်ထမ်းများကရေဂါလံ (၁၆၀၀)ကို တောင်ပိုင်းရှိရေလှောင်ကန်နှင့် နေအိမ်များသို့အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းနှင့်ရေရှားပါးသော အခြားကျေးရွာ/ ရပ်ကွက်များသို့လည်း ဆက်လက်အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)