နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကလေးများ ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကလေးများ ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများ ကျင်းပ



MNP ၊  ဧပြီ ၁၉

ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကလေးသူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ပြိုင်ပွဲ၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးလာစေရန် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဟောပြောဆွေးနွေးခဲ့သည်။


ထို့နောက် ကလေးများအား “ပန်းသည်” ကဗျာအား ရွတ်ဆိုပြိုင်ပွဲဝင်ခြင်း၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကိုလည်း မူလတန်းဆင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသည် မျိုးဆက်သစ် လူငယ်လေးများ အသိပညာဗဟုသုတ တိုးပွားစေရန် စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းများအပြင် သင်တန်းများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ စသည့် ကလေးများ ကြိုက်နှစ်သက်သည့် အစီအစဉ်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)