တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ


MNP ၊  ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre တွင် ယနေ့နံနက် ၉ နာရီခွဲက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲသို့ အင်္ဂလိပ်စာ 4 Skills သင်တန်းသို့ တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ(၄၅)ဦးအနက် (၁၆) ဦး ပါ၀င်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။


ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ကျောင်းပညာရေးတွင် အထောက်အကူဖြစ်စေရန်၊ စာကြည့်တိုက်များသို့ ၀င်ထွက်သွားလာတက်သည့် အလေ့အထဖြစ်စေရန်၊ စာကြည့်တိုက်များနှင့် ရင်းနှီးစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂလိပ်စာ 4 Skills သင်တန်းကို ပညာဒါနအဖြစ် မတ်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပြီး မေလ(၃၁)ရက်နေ့အထိ (၃)လကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ  အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်(၈)နာရီမှ (၉:၃၀)နာရီအထိ သင်ကြားပို့ချပေးလျက်ရှိသည်။


တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်ရှည်ကာလတွင် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများပုံမှန် ဆောင်ရွက်ပေးခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အေးမိုးမိုးမြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)