နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ဌားရမ်းဖတ်ရှုသူ နေ့စဉ်များပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ဌားရမ်းဖတ်ရှုသူ နေ့စဉ်များပြား


MNP ၊  ဧပြီ ၁၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်များကို ဌားရမ်းပေးလျက်ရှိရာ စာကြည့်တိုက်တွင် ကဗျာရွတ်ပြိုင်ပွဲလာရောက်သူများက သုတ/ရသစာအုပ်များ ဌားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။


စာကြည့်တိုက်တွင် စာအုပ်လာရောက်ဌားရမ်းသော ကလေးငယ်များကိုတစ်ဦးလျှင် (၃)အုပ်နှုန်းဌားရမ်းပေးသည့်အပြင် အသိပညာဗဟုသုတတိုးပွားစေရန် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူခေါက်ခြင်းများနှင့် ဟောပြောပွဲများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)