ဇေယျာသီရိမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်




MNP ၊  ဧပြီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။


အခမ်းအနားသို့ ရေဆင်းကျေးရွာအုပ်စု၊ ပေါက်ကုန်းဆရာတော် ဦးကောမုဒိက၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်နိုင်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ‌ရေဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပေါက်ကုန်းဆရာတော် ဦးကောမုဒိကက အဖွင့်ဩဝါဒစကား မြွက်ကြားပြီးနောက် ရေဆင်းကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးမျိုးက သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့ ရေဆင်းကျေးရွာအုပ်စုမှ ကျောင်းသား/သူ ၅၁ ဦး တက်ရောက်သင်ကြားပြီး သင်တန်းတွင် ငါးပါးသီလ၊ ဗုဒ္ဓဝင် ခုနစ်နေ့ဘုရားရှိခိုး၊ သုစရိုက်(၁၀)ပါး၊ ပုညကြိယာ(၁၀)ပါး၊ ယဉ်ကျေး ခြင်းအပိုင်း(၁)နှင့် (၂)၊ ယဉ်ကျေးလိမ္မာဆုံးမစာများအပိုင်း(၁)နှင့် (၂)၊ ကန်တော့ကြမယ်၊ ဒုစရိုက်(၁)ပါး စသည့် ဘာသာရပ်များကို ဧပြီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)