လပွတ္တာမြို့နယ်တွင် (၅)ရက်တာ အသံမစဲ မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လပွတ္တာမြို့နယ်တွင် (၅)ရက်တာ အသံမစဲ မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ




MNP ၊  ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နေပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ (၅)ရက်တာ အသံမစဲ မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ နေ့လယ် (၁၂)နာရီအချိန်က သကျမာရဇိန် ဆုတောင်းပြည့်ဘုရား တန်ဆောင်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။ မြို့နယ် သံဃာ့နယကအဖွဲ့ဥက္ကဋ္ဌ သရက်တောကျောင်းတိုက်ဆရာတော် ဂန္ဓဝါစကပဏ္ဍိ ဘဒ္ဒန္တသုစိတ္တက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားကန်တော့ပူဇော်ခြင်း၊ ဆရာတော်ထံမှ ကြွရောက်လာကြသော ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။


ထို့နောက် ဆရာတော်သံဃာတော်(၁၁)ပါးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့်ဇနီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသူရနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)