Pages

Pages

မြောင်းမြမြို့၌ စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးတို့အား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ






MNP ၊  ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ၂၀၂၂ ခုနှစ် စာအောင် သံဃာတော်များ၊ သီလရှင်များနှင့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးတို့အား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားအား ယမန်နေ့နေ့လယ် ၁:၀၀ နာရီက စကြာသီဟ စကြာနန္ဒဘုရား ထွန်းညွန့်ရတနာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဇေယျမေဒနီစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရ အရှင်သူမြတ်က ငါးပါးသီလနှင့် သမ္မောဒနီယကထာ မြွက်ကြားချီးမြှင့်ပြီးနောက် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပါသည်။


ထို့နောက် ပင့်သံဃာ ၁၈ ပါး၊ ကြီးကြပ်ဆရာတော် ၁၇ ပါး၊ စာချဆရာတော် ၂၆ ပါး၊ စုစုပေါင်း ၆၁ ပါးတို့အား ဆန်၊ ဆီနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပူဇော်ပါသည်။ ​မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သာသနာရေးဆိုင်ရာ လျှောက်ထားချက်များ ဖတ်ကြားလျှောက်ထားပါသည်။  


ဆက်လက်၍ ၂၀၂၂ ခုနှစ် စာအောင်သံဃာတော်နှင့် သီလရှင်  အပါး ၆၀ တို့အား ဘွဲ့လက်မှတ်၊ အောင်လက်မှတ်များနှင့် ဆန်၊ ဆီ၊ အလှူငွေများ ဆက်ကပ်လှူဒါန်း ပူဇော်ပြီးနောက် ​​နိုင်ငံတော်မှ ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ချီးမြှင့်ခြင်းခံရသော သီလရှင်ဆရာကြီး ဒေါ်ပိယဝတီ၏ အတ္ထုပတ္တိ ရွတ်ဖတ်ပူဇော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။


ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီဟထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ပြီးမြောက်ခဲ့ပြီး မြောင်းမြမြို့ရှိ ရပ်ကွက် ၁၆ ရပ်ကွက်မှ ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment