Pages

Pages

မိုင်းခတ်မြို့၌ မဟာသင်္ကြန်ပွဲတော်တွင် ကပြဖျော်ဖြေရန် ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့မှ အကတိုက်လေ့ကျင့်


MNP ၊  ဧပြီ ၅

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ကပြဖျော်ဖြေနိုင်ရန်အတွက် ဌာနဆိုင်ရာ သင်္ကြန်ယိမ်းအဖွဲ့မှ မတ်လ တတိယပတ်ကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။


မိုင်းခတ်မြို့၌ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာယိမ်းအဖွဲ့၊ အခြေခံပညာ ဦးစီးဌာနယိမ်းအဖွဲ့၊ မြို့ပေါ်ရပ်ကွက်(၂)ခုမှ ယိမ်းအဖွဲ့များအပြင်ရှမ်း၊ အာခါနှင့်လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသားအကများနှင့် တေးဂီတဖျော်ဖြေမည့် အစီအစဉ်များဖြင့် စည်ကားစွာကျင်းပသွားမည်ဖြစ်ရာ လက်ရှိတွင်ဌာနဆိုင်ရာယိမ်းအဖွဲ့မှ နေ့စဉ်နေ့လည်(၂)နာရီမှ ညနေ(၅)နာရီအထိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အကတိုက်လေ့ကျင့်လျက်ရှိပြီး ကျန်ယိမ်းအဖွဲ့များလည်း စုရပ်နေရာအသီးသီးတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။


မဟာသင်္ကြန်ပွဲတော်ရက်များဖြစ်သည့် သင်္ကြန်အကြို‌နေ့မှ သင်္ကြန်အတက်နေ့အထိ ယိမ်းအကအလှများ၊ အဆိုရှင်ဝါသနာရှင်များ၊ တိုင်းရင်းသားယဉ်ကျေးမှု အကအလှများဖြင့် စည်ကားစွာကပြဖျော်ဖြေမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအား အဆိုပါမဏ္ဍပ်၌စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment