မိုင်းလုံမြို့ ရသေ့တောင်ပေါ်တွင် “လွယ်ကော်စုမ့်မိန်း ဗုဒ္ဓစေတီတော်” ထီးတင်နိုင်ရေး အစည်းအဝေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့ ရသေ့တောင်ပေါ်တွင် “လွယ်ကော်စုမ့်မိန်း ဗုဒ္ဓစေတီတော်” ထီးတင်နိုင်ရေး အစည်းအဝေးဆောင်ရွက်


MNP ၊  ဧပြီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အဝင်ရှိ ‌ရသေ့တောင်ပေါ်တွင် “လွယ်ကော်စုမ့်မိန်း ဗုဒ္ဓစေတီတော်” ထီးတင်နိုင်ရေး အစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီ အချိန်ခန့်က ဆောင်ခဲ့သည်။


အစည်းအဝေးကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီးနောက် ရသေ့ဦးသီလာစာရက (၁၁.၄.၂၀၂၃)ရက်နေ့တွင် ထီးတော်ကို မိုင်းဖုန်းဆရာတော် အရှင်ဘဒ္ဒန္တဉာဏသံဝရ ကိုယ်တိုင် လာရောက်တင်မည်ဖြစ်‌ကြောင်း ရှေ့ဦးစွာမိန့်ကြားပြီး အထက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်က မိုင်းဖုန်းဆရာတော်ကြွရောက်မည်ဖြစ်သောကြောင့် လာရောက်ဖူး‌မြော်သူများမည်ဖြစ်ရာ လိုအပ်‌သောအဖွဲ့များကို ဖွဲ့စည်းနိုင်ရေးပြောကြာပြီး အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာလူကြီးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဝေယျာဝစ္စအဖွဲ့နှင့် ဂေါပကအဖွဲ့တို့က ထီးတင်မည့်အဖွဲ့၊ စတုဒီတာကျွေးမွေးရေးအဖွဲ့၊ လမ်းသွားလမ်းလာအဆင်ပြေစေရန် ကား/ဆိုင်ကယ် နေရာချထားရေးအဖွဲ့၊ ချက်ပြုတ်ရေးအဖွဲ့၊ နေရာချထားရေးအဖွဲ့တို့ကို ဖွဲစည်းပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းက အခြားလုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း လိုအပ်ပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  


ဇော်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)