MNP ၊ ဧပြီ ၆
ပေါက်တောမြို့၌ နွေရာသီကျောင်းပိတ် ကာလရက်များတွင် လူငယ်များ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စနစ်တကျလေ့လာသင်ယူပြီး အမျိုးဘာသာ သာသနာကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ပြီး နိုင်ငံနှင့် လူမျိုးအကျိုးသယ်ပိုးနိုင်သော နိုင်ငံသားကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပေါက်တောမြို့ရှိ အားကစားခန်းမ၌ ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါ အခြေခံဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို ဟိတေသီဆရာတော် က ဧပြီ ၄ ရက်မှ ဧပြီ ၁၀ ရက်နေ့အထိ ၇ ရက် ကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ပေါက်တောမြို့ပေါ်မှ ကျောင်းသား ကျောင်းသူ ၅၀ ဦးခန့် တက်ရောက် သင်ကြားလျက်ရှိကြသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment