Pages

Pages

ပေါက်တောမြို့၌ နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်လျက်ရှိ





MNP ၊  ဧပြီ ၆

ပေါက်တောမြို့၌ နွေရာသီကျောင်းပိတ် ကာလရက်များတွင်  လူငယ်များ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စနစ်တကျလေ့လာသင်ယူပြီး အမျိုးဘာသာ သာသနာကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ပြီး နိုင်ငံနှင့် လူမျိုးအကျိုးသယ်ပိုးနိုင်သော နိုင်ငံသားကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပေါက်တောမြို့ရှိ အားကစားခန်းမ၌ ဖွင့်လှစ်လျက်ရှိသည်။ 


အဆိုပါ အခြေခံဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို ဟိတေသီဆရာတော် က ဧပြီ ၄ ရက်မှ ဧပြီ ၁၀ ရက်နေ့အထိ ၇ ရက် ကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ပေါက်တောမြို့ပေါ်မှ ကျောင်းသား ကျောင်းသူ ၅၀ ဦးခန့် တက်ရောက် သင်ကြားလျက်ရှိကြသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment