Pages

Pages

အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး




အမ်း-  ဧပြီ  ၆ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင်ံပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ယနေ့ နေ့လည်အချိန်က ရွေ့လျားစာကြည့် တိုက် Mobile Library စနစ်ဖြင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်မျာ အခမဲ့ငှားရမ်းခဲ့ကြသည်။  


 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ် သတ်များအား အားလပ် ချိန်များတွင် စာဖတ်ခြင်းဖြင့် မိမိဘဝကို မြှင့်တင်နိုင်စေရန်၊ လူသားတိုင်းကို ကောင်းကျိုးပြုသည့် စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတ များတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်  Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/စာစောင်  စသည့်စာအုပ်များဖြင့်  အပတ် စဉ် ကွင်းဆင်း၍ အခမဲ့ငှားရမ်း ပေးခြင်း ဆောင်ရွက်လျက်ရှိသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment