တောင်ကုတ်မြို့ ၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ ၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်





MNP ၊  ဧပြီ ၂၂

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်း ရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်တွင် ဝိသုဒ္ဒါရုံကျောင်း စေတီတော်ရင်ပြင်နှင့် ကျောင်းခြံဝန်းသန့်ရှင်းသာယာ လှပရေး အတွက် စုပေါင်း ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှု ရေးအသင်း အဖွဲ့ဝင်များက စုပေါင်း၍ ဝိသုဒ္ဒါရုံကျောင်းခြံဝန်းသန့်ရှင်းသာယာလှပရေးနှင့်စေတီတော်ရင်ပြင်သန့်ရှင်းရေး တို့အတွက်အမှိုက်လှဲခြင်း ၊ ခြုံများခုတ်ထွင်ခြင်း များကိုဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင် များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)