MNP ၊ ဧပြီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ စပ်မျိုးနေကြာစိုက်ပျိုးခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား တောင်သူများအသိပညာ ဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စပ်မျိုးနေကြာစိုက်ပျိုးရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့စိုက်ပျိုးရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများပေါ်တွင် နေအိမ်အဆောက်အဦးများ၊ အခြားနည်းသုံးစွဲခြင်း မပြုကြရန်နှင့် လပ်မြေများမဖြစ်ပေါ်စေရေးဆောင်ရွက်ရန်၊ ပိုင်ကျုံမြို့တွင် စားသုံးဆီဖူ လုံစေရေးအတွက် နေကြာများကို သီးညှပ်ဖြင့်သော်လည်းကောင်း၊ သီးသန့်ဖြင့်သော်လည်းကောင်း စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ပိုင်ကျုံမြို့နယ်အတွင်းရှိကျေးရွာများတွင် နေကြာဧက (၇၀) စိုက်ပျိုးရန် လျာထားကြောင်း ပြောကြား ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ယခုဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် တောင်သူများအနေဖြင့် မိုးရာသီစိုက်ပျိုးသီးနှံများ ဖြစ်သည့် (မိုးစပါး/နှမ်း/မြေပဲ) များအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူနိုင်ပါကြောင်း၊ နေကြာများ တိုးချဲ့စိုက်ပျိုးလိုပါက စာရင်းပေး ထားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကြည်ဝင်း၊ ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် မြို့ပေါ်ရပ်ကွက်များရှိတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်ခူး
https://t.me/MyanmarNationalPost
No comments:
Post a Comment