ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား သီတဂူစက္ခု ဒါနဆေးရုံတော်ကြီးတွင် အခမဲ့ဆက်လက် စမ်းသပ်ကုသပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား သီတဂူစက္ခု ဒါနဆေးရုံတော်ကြီးတွင် အခမဲ့ဆက်လက် စမ်းသပ်ကုသပေးလျှက်ရှိ


MNP ၊ ဧပြီ ၆

နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီး ဦးဆောင်ကြီး ကြပ်မှုဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်းမြို့နယ်)၊ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိ အထူးကုဆရာဝန် ပါရဂူကြီးများက ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်) ရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ ဆက်လက်၍ အခမဲ့စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့မျက်စိအခမဲ့စမ်းသပ် ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပထမ အကြိမ် ဒုတိယနေ့အဖြစ် ကုသပေးခြင်းဖြစ်ပြီး မျက်စိကုကျွမ်းကျင် ဆရာဝန် ပါရဂူကြီး များက မျက်စိဝေဒနာရှင် ၄၁၂ ဦးကို အခမဲ့ကုသပေးခဲ့ပြီး ၎င်းတို့အနက် ခွဲစိတ်ကုသ ပေးရန်လိုအပ်သူ မျက်စိဝေဒနာရှင် ၅၈ ဦးရှိကြောင်း သိရှိရသည်။ ထိုကဲ့သို့ လာရောက် ဆေးကုသမှု ခံယူသူများအား အဟာရဒါနကျွေးမွေးခဲ့ကြောင်းနှင့် မျက်စိဝေဒနာရှင်များအား ဧပြီ ၁၀ ရက်အထိ အခမဲ့စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့အနေဖြင့် တိုင်းဒေသကြီးများနှင့်ပြည်နယ်များ၌ သီတဂူစက္ခုဒါန ဆေးရုံ  ၄၄ ရုံဖွင် လှစ်ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မျက်စိစမ်းသပ် ကုသခံယူသူ ၅၄၈၅၀၄ ဦးနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူသူ ၁၀၅၂၃၄ ဦး ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)