သမ္မတကြီး (ငြိမ်း) ဦးသိန်းစိန်နှင့် ဘန်ကီမွန်း တွေ့ဆုံသွားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

သမ္မတကြီး (ငြိမ်း) ဦးသိန်းစိန်နှင့် ဘန်ကီမွန်း တွေ့ဆုံသွားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


MNP ၊ ဧပြီ ၂၅

The Elder အဖွဲ့၏ ဒုဥက္ကဋ္ဌ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီးမွန်း မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတကြီး (ငြိမ်း) ဦးသိန်းစိန် နှင့် တွေ့ဆုံသွားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သမ္မတကြီး (ငြိမ်း) ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဘန်ကီမွန်းသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်စဉ်က ခိုးဝင်ဘင်္ဂလီများနှင့် ပတ်သက်၍ လူမျိုးလိမ်အမည်ဖြင့် ဖိအားပေး ပြောဆိုမှုအမျိုးမျိုးလုပ်ဆောင်ခဲ့ရာ သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသော ဘင်္ဂလီများကို အမှန်တကယ်စေတနာရှိပြီး လက်ခံမည့် တိုင်းပြည်ရှိပါက ခရီးစရိတ်အကုန်အကျခံ၍ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကုလနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို တုန့်ပြန်ခဲ့ဖူးသည်။

ဘန်ကီမွန်း ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဂတိလိုက်စားမှုများဖြင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ပြည်ဖျက်မီဒီယာတချို့ က နှပ်ကြောင်းပေး ရေးသားဖော်ပြမှုများ လုပ်ဆောင်ခဲ့သော်လည်း တွေ့ဆုံသွားခြင်း မရှိပေ။


ဓာတ်ပုံ - ၃၀-၄-၂၀၁၂ က တွေ့ဆုံခဲ့သည့် မှတ်တမ်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)