ကျောက်ဆည်မြို့နယ် ဆင်ခေါင်းတောင် အပန်းဖြေစခန်းတွင် နှစ်ဆန်း(၁)ရက်နေ့၌ လာရောက်အပန်းဖြေ အနားယူသူများနှင့် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ် ဆင်ခေါင်းတောင် အပန်းဖြေစခန်းတွင် နှစ်ဆန်း(၁)ရက်နေ့၌ လာရောက်အပန်းဖြေ အနားယူသူများနှင့် စည်ကား



MNP ၊  ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအနီး ဆင်‌ခေါင်းတောင် အပန်းဖြေစခန်းတွင် နှစ်ဆန်း(၁)ရက်  နံနက်(၇)နာရီမှစတင်ကာ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပြီး လာရောက်အပန်းဖြေများအနေဖြင့် ဇော်ဂျီမြစ်အတွင်း ရေချိုးခြင်း၊ စက်လှေစီးခြင်း၊ အလှမှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်း ဈေးဆိုင်ခန်းများမှ အမှတ်တရပစ္စည်းများ ဝယ်ယူခြင်းများနှင့် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။


လာရောက်အပန်းဖြေသူများ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ မြစ်ကမ်းတစ်လျောက် သန့်ရှင်းသာယာ လှပစေရေးနှင့် ဈေးဆိုင်ခန်းများ စည်းကမ်းလိုက်နာမှုရှိစေရေးတို့အတွက် ဒေသခံတာဝန်ရှိသူများ ကူညီဆောင်ရွက်ပေးလျက်ရှိနှင့် ဆင်ဂေါင်တောင် အပန်းဖြေစခန်းသို့ သွားရောက်အပန်းဖြေမည်ဆိုပါက ရန်ကုန်-မန္တလေး ကားလမ်းကြီးမှတစ်ဆင့် ဟန်မြင့်မိုရ်-ရွာငံ-တောင်ကြီး လမ်းမကြီးအတိုင်း သွားရောက်ရပြီး ကင်းကျေးရွာအလွန်တွင် တည်ရှိကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)